မိုင်းဖြတ်မြို့နယ်၌ နိုင်ငံတာကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းဖြတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်အေးဝင်းခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း သိကောင်းစရာများ၊ မြန်မာ့နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ မှတ်သားသိရှိနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို  ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများအား  ဒို့ကျေးရွာဂျာနယ် အတွဲ ၁၂၊ အမှတ် ၁၆ ထုတ်ပါ မောင်မောင်မြင့်(စက်မှုတက္ကသိုလ်)ရေးသားထားသည့် လူငယ်နှင့်စာဖတ်ခြင်း အတွေးအမြင်ပါ စာပေအကြောင်းအရာများ ဖတ်ရှုလေ့လာစေပြီး ​မေးခွန်းများမေးမြန်း၍ ယှဥ်ပြိုင်​စေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် စာထောက်-၃ ဒေါ်နန်းကောင်ခမ်းတို့က အမှတ်တရစာအုပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

​သန်းထွန်း​အေး(ပြန်/ဆက်)