ချောက်မြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသောအိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ချောက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် စက်တင်ဘာ၁၂ရက်နေ့ ညနေအချိန်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်တွင် သစ်ပင်ပြိုလဲ၍ လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ပြီးမိုးသည်း ထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀/-၊ ဆန်ရိက္ခာထောက်ပံ့ငွေ ၆၃၀၀/- စုစုပေါင်းငွေ ၁၀၆၃၀၀/-နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)