ကျိုင်းတုံမြို့နယ်တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကျိုင်းတုံ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများအတွင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းနေနာရေးကူညီမှုအသင်းအဖွဲ့များက တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်းဖြစ်ပေါ်လာနိုင်၍ တောင်ပေါ်၊ တောင်စောင်းမြေပြိုရန် အန္တရာယ်ရှိသည့်နေရာများ ချောင်းကမ်းဘေး၊ မြစ်ကမ်းဘေးတွင် နေထိုင်သူများ လက်ရှိနေရာများမှ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး၊ ပြောင်းရွှေ့မည့်သူများအနေဖြင့် ဆန်ရိက္ခာ၊ ဆေးဝါး၊ ရေနှင့် လိုအပ်သည်များ နှစ်ပတ်စာစီစဉ်ယူဆောင်ကြရန် ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ​မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)