သရက်မြို့၌ ခရိုင်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ မုံဇလီကျေးရွာရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းအား ကြည့်ရှုအားပေး

သရက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် မုံဇလီကျေးရွာရှိ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူ(၁၅)ဦးအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် သွားရောက်ကြည့်ရှုအားပေးပြီး ဗလာစာအုပ်နှင့် ခဲတံများ‌ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းအား စာမတတ်သူများပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်စေရန် ရည်ရွယ်၍  မြှင့်တင်သင်ကြားနေခြင်းဖြစ်ပြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာ(၂၄)ရွာတွင် စာသင်ဝိုင်း(၂၄)ဝိုင်း၊ စုစုပေါင်းလူဦးရေ‌(၃၆၂)ဦးအား နည်းပြ(၂၄)ဦး၊ ကြီးကြပ်သူ (၄)ဦး၊ အဆင့်မြင့်ကျောင်းသား(၂)ဦး၊ စုစုပေါင်း(၃၀)ဦးတို့က ဧပြီ ၆ ရက်မှ မေ ၁၅ ရက်ထိ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)