ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေး ဆောင်ရွက်

ဥတ္တရသီရိ ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းတွင် မောင်းရမ်းကျေးရွာ၊  စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့်နည်းလမ်းများ စမ်းသပ်ပြသခြင်း စသည့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ယနေ့အထိ ကျေးရွာအုပ်စု ငါးအုပ်စု၊ ဝန်ထမ်း ၂၅ ဦးနှင့် တောင်သူစုစုပေါင်း ၅၀ ဦးတို့ကို AI  ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)