ငပုတောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်စီမံမှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းသား၊ သင်တန်းသူများအတွက် စားစရိတ်ငွေပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့က အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းသား၊ သင်တန်းသူများအတွက် စားစရိတ်ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)စားရိပ်သာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် တက်ရောက်

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိ ပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဇွန် ၂၃ ရက် နံနက်(၇)နာရီခွဲ က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ လေယာဉ်ကွင်းလမ်း ထားဝယ်ဂေါက်ကွင်းဧရိယာအတွင်း၌ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သွေးလွန်တုပ်ကွေးရောဂါပညာပေးဟောပြောခြင်းနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သွေးလွန်တုပ်ကွေးရောဂါပညာပေးဟောပြောခြင်းနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက် ပျဉ်းမနား ဇွန် ၂၄ မျိုးသီဟ(ပြန်/ဆက်)

ဟိုင်းကြီးကျွန်းမြို့၌ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ် Campaign ပြုလုပ်၍ သုံးစွဲမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၀၆း၃၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလတ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကူးတို့ဆိပ်များ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုးဖွင့်ပွဲကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးဖွင့်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရွိုင်ရယ် တောင်ကြီးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to