ဒေါပုံမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများကျန်းမာရေးဗဟုသုတများနှင့်ပြည်စုံပြီး ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နွယ်အေးရပ်ကွက်၊ သဲကွင်းတွင် တာဝန်ရှိသူများပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း ( ၄/၂၀၂၅) ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း(၄/၂၀၂၅) ဆင်းပွဲ ကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်၍ နေအိမ်(၂) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားကုန်း ကျေးရွာအုပ်စု၊ ကျိန္တလီ ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့၌ဖြစ်ပွားခဲ့သော မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၂)လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စုနှင့် ကျေးရွာအသီးသီး၌ ဝါဆိုလှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် သက္ကယ်သောင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအသီးသီးတွင် ဝါဆိုလှိုင်းခုန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှစ၍ နှစ်စဥ်ရိုးရာမပျက် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌  ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(Pfizer XBB1Gray Cap COVID   19) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်ရှိ  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်-ဖျာပုံ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ MyRo တွင် ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online MyRo) တွင် ဆန်စက်များ MyRo တွင် ဆန်စပါးမှတ်ပုံတင်နိုင်ရေး ယမန်နေ့က ဝမ်းတွင်းမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၈၈ စင်တီမီတာအလိုရောက်ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၉၃ စင်တီမီတာခန့် ၄ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ရွှေဘိုမြို့​ အောင်​မြေ​ကျောင်းထိုင် ဘုန်းကြီးသင်တန်း​ကျောင်း အမှတ်စဥ်(၂၁)သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲကျင်းပ 

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြို့အောင်​မြေကျောင်းထိုင် ဘုန်းကြီးသင်တန်း​ကျောင်းအမှတ်စဥ်(၂၁) သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က​​အောင်​မြေဘုန်းတော်ကြီးကျောင်းခန်းမတွင်ကျင်းပရာ တက်​​ရောက်လာသူများမှ န​မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး​ ​ကျောင်းထိုင်ဘုန်းကြီးသင်တန်း​ကျောင်း ​ကျောင်းအုပ်ဆရာ​တော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသြသဓ အရှင်သူမြတ်ထံမှ (၅)ပါး သီလခံယူ​ဆောက်တည်ခဲ့ကြကြောင်း သိရသည်။
Subscribe to