ဇလွန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်

ဇလွန် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လွန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ် (၅)ရပ်အနက် အမှတ်စဥ် (၅)ပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစိုက်မတ်မတ် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်​ရွေးကောက်ပွဲ အရာရှိ ဒေါ်အိသဇင်အောင်က မဲပေးစက်များ စစ်ဆေးခြင်းကြောင်းအရာများ၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မဲရုံဖွင့်ချိန် မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များနှင့် (MEVM) ကိုင်တွယ် အသုံးပြုနည်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်း​နောက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြပြီးသင်တန်းကို (၁၄.၇.၂၀၂၅) ရက်နေ့မှ (၂.၈.၂၀၂၅) ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား တစ်ရက်လျှင် သင်တန်းသား (၁၀၀)ဦးဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ပြီး င်တန်းအမှတ်စဥ် (၁)မှ (၇)အထိ သင်တန်းသား (၆၉၄)ဦးအား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)