စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အဆင့် ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ နန္ဒ္ဝန်ရပ်ကွက်ရှိ စည်သူလမ်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။