မုံရွာ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ နန္ဒ္ဝန်ရပ်ကွက်ရှိ စည်သူလမ်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြို့နယ်လဝကမှူး မြို့နယ်သစ်တောဦးစီးဌာနမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊မြိုနယ်ပညာရေးမှူးတို့က စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး၊ သတ်မှတ်နေရာများတွင် ရတနာတန်းဝင် ကျွန်း၊ ပိတောက် ၃၀ ပင်၊ ခရေ ပန်းအလှပင် (၄၀)ပင် နှင့် တမာ၊ ဗန်ဒါ၊ မယ်ဇယ်၊ မာတာကွတ်၊ ဝါး အရိပ်ရအပင် (၂၃၀) ပင် စုစုပေါင်း(၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)