မင်္ဂလာဒုံမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် အတွေးအခေါ်ယူဆချက်များ မြင့်မားလာစေရေး ရည်ရွယ်လျက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင်  အသိ ပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး အလေးထားဆောင်ရွက်

တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိ စေရေးနှင့်စပ်လျဉ်း၍ စိစစ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၁၄ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှ တရားမဝင်စက်သုံးဆီနှင့်ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး အလေးထားဆောင်ရွက်နေပါကြောင်းပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ယမန်နေ့မွန်းလွဲ ၃ နာရီက ပဲခူးမြို့ အားကစားဥယာဥ်ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ဘောလုံးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ကြည်ရှုအားပေးခဲ့သည်။

နတ်မောက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြာပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ၂၀၂၅ ခုနှစတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)ဘားအံဇုန် တတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏  ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက  အဆိုပါကျောင်း နီလာခန်းမတွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် မိုးစပါး၊ မြေပဲသီးနှံများအတွက် မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဂတ်ချိုင်းကျေးရွာတွင် မိုးစပါး၊ မြေပဲသီးနှံများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ကျောင်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပသည်။
Subscribe to