ဗီဒီယိုသတင်း ရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၇
ပြည်သူများ သတင်းမှန်ကို သိရှိစေရန်၊ သတင်းများအား အချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် ရည်ရွယ်၍ ဗီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။