ဘုတလင်မြို့၌ ကျောင်းတွင်းစာပေဟောပြောပွဲကျင်းပ
ဘုတလင် ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြ၀တီခန်းမ၌ ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းတွင်းစာပေဟောပြောပွဲကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ စာရေးဆရာ ဦးဇော်ခိုင်ဦး၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက လွှတ်တော်၏အခန်းကဏ္ဍမှ ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးဇော်ခိုင်ဦးက ပျော်စေ၊ ရွှင်စေ၊ အသိဉာဏ်ပညာထက်မြက်စေ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။