ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးအုပ်စု၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကျင်းပ
ပခုက္ကူ ဇန်နဝါရီ ၇
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများအား မီးဘေး၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျွဲတဲ ကျေးရွာအုပ်စု၊ ဓမ္မာရုံခန်းမ၌ ကျင်းပသည်။