ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

နောင်ချို   ဖေဖော်ဝါရီ  ၂၅ 

ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ 

ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်ရှိ တည်းခိုခန်းများသို့ သွားရောက်ကာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာမည့် အချက်များအား သက်ဆိုင်ရာ တည်းခိုခန်းများ၌ ပိုစတာများချိတ်ဆွဲခြင်း၊ တည်းခိုသူများ ဖတ်ရှု လေ့လာနိုင်စေရန် လက်ကမ်းစာစောင်များထားရှိပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍  ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်ချိုမြို့နယ်အတွင်း ရောဂါခံစားရသည့် လက္ခဏာများ မတွေ့ရှိရကြောင်း သိရသည်။

ထွေးငယ်(နောင်ချို)