မိုးညှင်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
မိုးညှင်း ဇန်နဝါရီ ၆
မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားလျှင် အချိန်နှင့်တစ်ပြေးညီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမ၌ ဖွင့်ပွဲကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို စာတွေ့လက်တွေ့ ပို့ချသင်ကြား သွားမည်ဖြစ်သည်။