တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်သောကြောင့် နုံးနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့တွင်းရေလျှံမှုများဖြစ်ပေါ်ကာ စည်ပင်သာယာရေးဌာနမှ အမှိုက်များနှင့်နုံးများကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။