ကာမိုင်းမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အခုဝယ် အခုတပ် ဒဏ်ရိုက်စနစ်ဆောင်ရွက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် ဒဏ်ပေး စနစ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်လှည့်လည်နှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များကို နေ့စဉ်လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကျပ် သုံးသောင်းထောက်ပံ့ပေးမည့် (Ngwe Bike) Application တွင် စာရင်းပေးသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်း အတွက် တစ်ကြိမ်တည်း ၃၀၀၀၀/- (သုံးသောင်း ကျပ်တိတိ) ကို ထောက်ပံ့ပေး သွားမည်ဖြစ်သည်။ ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်းပေးသွင်းရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန် ထောက်ပံ့ပေးနေသည့် ဒေသများတွင် မပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသာ အဆိုပါ ထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။

ကျောက်ဆည်မြို့နယ်တွင် ထွန်စက်နှင့်တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာ စမ်းသပ်သရုပ်ပြ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) ကျောက်ဆည်မြို့မှ သုတေသနပြုစမ်းသပ်ထုတ်လုပ်ထားသော စပါးအတန်းလိုက်စိုက်ခင်းများတွင် ကြားပေါင်းလိုက်ပေးခြင်း၊ စပါးကြဲခင်းများတွင် လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် ရောဂါပိုးမွှားကင်းစင်စေရန်အတွက် အတန်းလိုက်ကောက်ပင်လိုင်းများ ဖော်ပေးခြင်းများဆောင်ရွက်ပေးနိုင်သည့် ထွန်စက်ကြီးဖြင့် တွဲဖက်အသုံးပြုသော ကြားပေါင်းလိုက်/စိုက်တန်းဖော်ကိရိယာအား ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငှက်ကတောင်ကျေးရွာရှိ တောင်သူဦးတူး၏ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစိုက်ကွင်း၌ စမ်းသပ်သရုပ်ပြမောင်းနှင်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Masks များအခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီးMasks များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်

ပြည်သူများ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယနေ့နံနက် (၉) နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကွတ်ခိုင်မြို့၌ COVID-19 ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဒေသခံ တောင်သူများထံ ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ဒေသခံတောင်သူများထံ မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကိုယမန်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်သည်။

မအူပင်မြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့မစျေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်ပြီး လိုက်နာမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to