ဖယ်ခုံ သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များကို နေ့စဉ်လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူလူထုများ လိုက်နာမှု အားနည်းခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှကာကွယ်ရန် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် လှည့်လည်နှိုးဆော်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက် များကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည်နှိုးဆော်ခြင်းဖြင့် လည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုရုံး များတွင် Hand Spaker များဖြင့် ဖွင့်၍လည်းကောင်း ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကိုထွေး(ဖယ်ခုံ)