ကာမိုင်းမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အခုဝယ် အခုတပ် ဒဏ်ရိုက်စနစ်ဆောင်ရွက်

ကာမိုင်း  ဩဂုတ် ၂၇                             

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများအိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် ဒဏ်ပေးစနစ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို “မြို့ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ အများပြည်သူ အသွားအလာများသည့် နေရာများ၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသည့် ပြည်သူများအား အခုဝယ်အခုတပ်ဆင်ရန် ဒဏ်ရိုက်စနစ်ဖြင့် ဆောင်ရွက်ရာ နှစ်ခေါင်းစည်း(Mask)တစ်ခုလျှင် ငွေကျပ်ငါးရာနှုန်းဖြင့် ပြည်သူအား ဒဏ်ငွေထမ်းဆောင်စေပြီး ကောက်ခံရရှိခဲ့သည့် ငွေကြေးများကို ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း” မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ယခင်က ပြည်သူမျာသည် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းမရှိကြပဲ ယခုအခါတွင် တပ်ဆင်သွားလာ နေကြသည်ကို တွေ့ရှိရပြီး အဆိုပါ ဒဏ်ပေးစနစ်များကို မကြာခဏ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)