ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဆီဆိုင်    ဩဂုတ်      ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့  နံနက် နာရီက ဆီဆိုင်မြို့အဝင်ဂိတ်၌  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယ ဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမူရေးအသင်း အဖွဲ့များက ဆီဆိုင်မြို့ အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘပြည်သူများ အား လက်ဆေးကန်ထားရှိပြီး လက်ဆေး စေခြင်း၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာကြစေရေးအတွက် အသိပညာပေး ပြောကြားပြီး၊ လက်သန့်ဆေးရည်ဖြင့်စနစ်တကျ လက်ကိုဆေးကြောပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေး ပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား ဒဏ်ပေးစနစ်ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)