ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၁)ဉီးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ်  ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၉)ဉီး  နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၂)ဉီး   စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁)ဉီး  ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၁)ဉီးတို့မှာ အမျိုးသား(၃)ဉီး၊ အမျိုးသမီး(၈)ဉီး   တို့ဖြစ်ပြီး ပဲခူးတိုင်းဒေသ ကြီး၊ ပြည်မြို့နယ်မှ(၂)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊  လားရှိုးမြို့နယ်မှ(၁)ဉီး၊ သီပေါမြို့နယ်မှ(၁)ဉီး၊ လောက်ကိုင်မြို့နယ်မှ(၃)ဉီး၊ ဟို ပန်မြို့နယ်မှ(၂)ဉီး နှင့် ကွမ်းလုံမြို့နယ်မှ(၂)ဉီး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၁၆၈)ဉီး နှင့် အမျိုးသမီး(၆၅၄၆)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄၇၁၄)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)