မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် စီးပွားရေးကုစားမှုအစီအစဉ်(CERP )အရ မိုးစပါးမျိုးစေ့ ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ပန်လုံ၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် နိုင်ငံတော်မှ Covid-19 ကာလ မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်း နှင့်ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များသည် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအနီး ဘီးတွဲယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဆင်ကျော့အုပ်စု၊ ဆင်ကျော့ကျေးရွာ အနီးတွင် ယနေ့ နံနက်၁၀နာရီအချိန်ခန့်က ကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ (၁၄) ဉီး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့ ၊ ညနေ(၆) နာရီ အချိန်က(၆)ဉီး ၊ ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၈)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၄)ဉီးအား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံ

နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဒက္ခိဏသီရိမြို့နယ်၊ စက်မှုဇုန် မြေကွက်အမှတ် (JW-054)၊ PPEG Construction Co,Ltd တွင် ကျင်းပခဲ့သည်။

ဘားအံမြို့တွင် လူသတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း တရားခံများအား ဖော်ထုတ်ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၁၅၁)လျှပ်/စက်တပ်ခွဲအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က လူသတ်မှုတစ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခြေခံစားသောက်ကုန်ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား    ဩဂုတ် ၂၈ ရက်က ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ် စုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ အဖွဲ့များခွဲ၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်းနှင့်အဖွဲ့ဝင်များသည် မဲစာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်၍ Mask များ အခမဲ့ဝေငှ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးဆောင်၍ mask များ ဝေငှခြင်းကို ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့၊ စည်ပင်သာယာမြို့မဈေးကြီးရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဝန်ထမ်း များ၊ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ NGO များ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ စေတနာရှင်အဖွဲ့များ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်သူများများအား mask အခု(၁၀၀၀) ခန့် အခမဲ့ဖြန့်ဝေပေးခြင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to