ထန်တလန် သြဂုတ် ၂၈
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်းနှင့်အဖွဲ့ဝင်များသည် မဲစာရင်းများ တိကျမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများတိကျမှန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များသို့ သွားရောက်၍ တစ်အ်မ်တက် တစ်အိမ်ဆင်းဆောင်ရွက် ထားရှိပြီးဖြစ်ရာ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှု ရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြ စေလိုကြောင်းရှင်းလင်းပြောကြားပြီးနောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်အောင်လိန်းတို့က မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး အတွက်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မိမိတို့ တာဝန်ကျရာကွက်စိပ်ဇုန် အလိုက် တာဝန်ယူ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက တက်ပြချက်များ အပေါ် ပြန်လည် ဖြည့်စွက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)