မိုင်းယန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရအသိပညာပေးဟောပြောပွဲကိ ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။