ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာနှင့်ဥပ‌ဒေရေးရာဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် ဩဂုတ် ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ ဩဂုတ်လ ၈ ရက်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့်ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိဒေါ်သီသီဟန်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးဦးပိုင်သူ‌ကျော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်းက ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှ  ရဲအုပ်နေဝင်းဌေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကသိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့သည်။ ဆက် လက်၍ ကျောင်းအုပ်ဆရာကြီး ဦးပိုင်သူ‌ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ယာဉ်စည်းကမ်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်နှင့်ပေါင်မြို့နယ်ဥပဒေရုံးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကကြည့်ရှုခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)