နတ်မောက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်ခြင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခွင့်ပြုရန်ပုံငွေ ၂၄ ဒသမ ၄၈ ကျပ်သန်း အကုန် အကျခံကာ အရှည် ၁၂၄ ဒဿမ ၃၉ မီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာနှင့် ထု ၀ ဒဿမ ၁၅ မီတာရှိ အောင်သုခလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့မှ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
မူမူစန်း