မြစ်ကြီးနားမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း(မြစ်ကြီးနား)တို့ပူးပေါင်း၍ ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)ရှိ သင်တန်းခန်းမ၌ သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲအား တက်ရောက်အားပေး

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသောအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရဗဟုသုတပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဩဂုတ် ၉ ရက်နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်စခန်းအနီး၊ ညောင်တုန်းလမ်းတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။

အိမ်မဲမြို့နယ် အ-မ-က(ကျုံခရီပိုင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာ အ-မ-က (ကျုံခရီပိုင်း) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ငါးသိုင်းချောင်း ဩဂုတ် ၁၁ မြို့(ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောနှောကြဲပက်နေမှုကို ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန၊ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် ထားဝယ်မြို့နယ်၊အမှတ်(၄)အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိန်ကိုက်၊ အချိုးကျရောနှောကြဲပက်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်မြောက်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်မရမ်းကျောင်းတိုက်၊ စာရိတ္တဓမ္မကျောင်း၌ ပဉ္စမအကြိမ်ကေတုမတီဗုဒ္ဓဝင်ပူဇော်ပွဲ၊ ယဥ်ကျေးမှု၊ ယဥ်ကျေးမှုစာ မေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့၌ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က သာသနဝိဟာရီသုံးထပ်ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်(၇)ဦးအား ဂုဏ်ပြုကြိုဆိုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်(၇)ဦးအား ဂုဏ်ပြုကြိုဆိုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ကြံခင်း ဩဂုတ် ၁၁ ဖြိုးဝေလင်း(ကြံခင်းပြန်/ဆက်)

မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ် ၁၁ ရက် နံနက် ၉နာရီက ကျင်းပသည်။
Subscribe to