ပဲခူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဩဂုတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နာဂဒသလဟယ်မြို့တွင် ဒေသရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန် နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် မိုးစပါးစိုက်ခင်းများအား တစ်ဧကအထွက်နှုန်းများတိုးစေရေး  ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများပံ့ပိုးပေးထား

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းခြောက်သင်းမှ အသင်းသားတောင်သူ ၁၅၃ ဦး သည် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး ၁၅၇၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်းတိုးစေရန် ကျပ်၃၁၄ ဒသမ ၈ သန်း နှင့်ညီမျှသော သွင်းအားစုများကို  မြို့နယ်သမဝါယမဦးစီးဌာနမှ ဇွန်လတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူငယ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to