ချောင်းဆုံမြို့နယ်၌ အသက်အရွယ်ကြီးပြီးသွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity)များ ကွင်းဆင်းဆောင်ရွက်

 မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်အရွယ်ကြီးပြီး ကျန်းမာရေးအခြေအနေအရ သွားလာရန်ခက်ခဲသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Home Service ဖြင့် UID (Unique Identity) Smart Card များကို ဩဂုတ်လ(၁၀)ရက်နေ့က ချောင်းဆုံမြို့(အရှေ့/အနောက်) ရပ်ကွက်များတွင် အိမ်တိုင်ရာ‌‌ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လမ်းမတော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီက ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ၊ ဓာတ်မြေဩဇာများနှင့်မျိုးစေ့များ  ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(DrumSeeder)များ၊ ဓာတ်မြေဩဇာများနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်၌ အဘိဓမ္မာသင်တန်းဖွင့်လှစ်

သန်လျင်ခရိုင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီးတွင် ငွေလှရတနာအဘိဓမ္မာသင်တန်းကို ယမန်နေမွန်းလွဲ(၃)နာရီမှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။

သုံးခွမြို့နယ် ရှမ်းစုကျေးရွာအုပ်စုရှိ ကျောင်းသား/သူများနှင့် ကျေးရွာနေမိဘပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးနှင့်ဝန်ထမ်းများက ရှမ်းစုကျေးရွာအုပ်စုရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာနေမိဘပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ငါးဆေးထိုး သားဖောက်သင်တန်းဖွင့်ပွဲနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် ငါးဆေးထိုး သားဖောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်တွင် ငါး၊ ပုစွန်မွေးမြူသည့် ၅၀၀၈ ဒသမ ၃၆ ဧကရှိပြီး ရေချိုအရင်းအမြစ်များလည်း ရှိသည့်အတွက် ရေချိုငါး၊ ပုစွန်များ မွေးမြူနိုင်ရန်အခွင့်အလမ်းများရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ရေချိုငါး သားပေါက်များ ထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ ငါးဆေးထိုးသားဖောက်သင်တန်းများကို ငါးလုပ်ငန်း ဦးစီးဌာနအပြင် အများပြည်သူများပါ တတ်သိနားလည် ထုတ်လုပ်လာနိုင်ရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။
Subscribe to