ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး မြဝတီမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့်အတူ ဌာနဆိုင်ရာများ သည် မြဝတီမြို့တွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားများအား စားဝတ်နေရေးအဆင်ပြေစေရန် (၆) ကြိမ်မြောက် ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ကိုဗစ်-၁၉ ကာလအတွင်း အခြေခံ လူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းရှားပါးချိန်တွင် မိသားစုအလိုက် စားဝတ်နေရေးအဆင်ပြေရန် အတွက် နိုင်ငံတော်မှထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ မအူပင်မြို့နယ် တွင် အခြေခံပြည်သူများအတွက် (၆)ကြိမ်မြောက်အဖစ် အမှတ်(၇)ရပ်ကွက်၊ ဓမ္မသုခစာရီကျောင်းတိုက်နှင့် ရပ်ကွက်ကျေးရွာများကို တာဝန်ရှိသူများက ယမန်နေ့က စတင်ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

လေရှီးမြို့နယ်အတွင်းရှိ ဆွမ္မရာ၊ မိုပိုင်းလွတ်လမ်းလုပ်ငန်းများ ရာနူန်းပြည့်ပြီးစီးနေမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် စာရာမေရိ မိသားစုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော ဆွမ္မရာ၊ မိုပိုင်းလွတ်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ CERP အစီအစဉ်ဖြင့် FS to RS မျိုးသန့်ပွားမျိုးစေ့ထုတ်မိုးစပါးစိုက်ပျိုးထားသည့် စံကွက် ရိတ်သိမ်း

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေးကုစားမှု Covid-19 Economic Relife Plan(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော FS to RS မျိုးသန့်ပွားမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက် မတ်ပန်ကွင်း တောင်သူ ဦးချန်းဖေရမ်၏လယ်ကွင်း၌ဆောင်ရွက်သည်။

ရှမ်းရွာသစ်မြို့တွင် ရင်းဘိုင်းကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်မှစ၍ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ခဲရောင်(၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ချောင်းစပ်သို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ နေ့လည် (၂)နာရီခွဲအချိန်ခန့်က CANTAR အမျိုးအစား၊ ခဲရောင် (၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ချောင်းစပ်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်း ကျေးရွာ၌ ယမန်နေ့ ညနေ (၄)နာရီ အချိန်ခန့်က နေအိမ်ဈေးဆိုင်အပေါ်ထပ်ရှိ ဖုန်းအားသွင်းရန် ပြုလုပ်ထားသော မီးပလပ်ပေါက်မှဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေသန့်ရှင်းမှု စမ်းသပ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၉၆ ရွာအနက်မှ ကျေးရွာ ၃၂ ရွာတွင် ကျေးလက်နေ ပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် အများသုံးနေရာများမှ ရေနမူနာများကိုရယူကာ နိုဝင်ဘာလဆန်းပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မျက်နှာကျက်တော် ဆက်ကပ် လှူဒါန်းပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး အား သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် မျက်နှာကျက်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပသည်။
Subscribe to