ကိုဗစ်-၁၉ ကာလပြည်သူများ စျေးနူန်း ချိုသာစွာဝယ်ယူနိူင်ရေး Mobile Market စျေးကား (၁၁)စီးဖြင့် ဆဌမအကြိမ်ရောင်းချခြင်း

ဒဂုံ ဒီဇင်ဘာ  ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်း ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးနှင့် ကိုဗစ်-၁၉ကူးစက်ရောဂါပြန့်ပွားမှုကို အထိုက်အလျောက် ကာကွယ် နိုင်ရေးအတွက် သန့်ရှင်းလတ်ဆတ်သော ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ပုစွန်၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏  လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ယောမင်းကြီး ရပ်ကွက်၊ဗိုလ်ရာညွှန့်လမ်း၌  မော်တော်ယာဉ်(၁၁)စီးဖြင့် ဆဌမအကြိမ်အဖြစ် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင်လည်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးမျိုးသန့်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးကျော်အေးနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဝက်သား၊ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ငါးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ရောင်းချပေးကြောင်းကို မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

စားသောက်ကုန်များရောင်းချရာတွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင် (ပြန်/ဆက်)