ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာသွားလမ်း ကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံကျောက်စီလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာ သွားလမ်းကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံ ကျောက်စီလုပ်ငန်း ပြီးစီးမှုအား ယမန်နေ့နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့ စစ်ရှောင်စခန်းနေရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ဂျုံး၊ အမျိုးသားလွှတ်တော် ဦးဇယ်ခေါင်၊ ဝိုင်းမော်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဝိုင်းမော်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလှူဒါန်း

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C) မြစ်ကြီးနားရုံးခွဲမှ တာဝန်ခံ Charlotte Nicol နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွှဲပိုင်းက ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေး ခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများပြားနေသဖြင့် လူဦးရေ(၇၇၀၀၀)ကျော်ရှိသည့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စုကို အဝင်အထွက်ကန့်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လူဦးရေ(၇၇၀၀၀)ကျော် နေထိုင်နေသည့် လုံးခင်းကျေးရွာအုပ်စုကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားနေသည့်အတွက် ဒေသတွင်းကူးစက်မှုများမှ ကာကွယ်နိုင်ရန် ဒီဇင်ဘာလ ၁၃ ရက် ညနေ(၆)နာရီမှစတင်ပြီး အဝင်အထွက်ကန့်သတ်သည့် နေရာအဖြစ် ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ကော့ကရိတ်မြို့တွင် စပါးခွံဖြင့် စိုက်ပျိုး​ရေးလုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနသည် စပါးခွံဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြသခြင်းကို ယမန်​​နေ့ နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာ တောင်သူ ဦးသိန်းမြိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပင်လုံမြို့၌ စားသောက်ဆိုင်များနှင့် လ္ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိပါက ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင်ရေး လိုက်လံစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လ္ဖဘက်ရည် ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားခဲ့သည့် ဆိုင်များအားလုံးကို စည်းကမ်းချက် (၁၁)ချက်နှင့်အညီ လိုက်နာမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်လျင်၌ သန့်ရှင်းလတ်ဆက်သော အခြေခံစားသောက်ကုန်များအား ဈေးကားများဖြင့် လာရောက် ရောင်းချပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သည့် အခြေခံစားသောက်ကုန်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်လုပ်ငန်းရှင် အသင်းများတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် သန့်ရှင်းလတ်ဆက်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက် ကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းမကြီး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ဆေးရုံမှ ဆင်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဒေါင်းပုန်းကျေးရွာမှ COVID-19 အတည်ပြုလူနာ (၁)ဦး၊ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နေ့လယ်ပိုင်းက သပိတ်ကျင်းမြို့ ပြည်သူ့ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ် မိုးစပါးပေါ်ဆန်းရင် မျိုးသန့်ထုတ် စံပြစိုက်ခင်း(CERP)တွင် တောင်သူမှ တောင်သူသို့ နည်းပညာဖြန့်ဝေခြင်း အစီအစဉ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း အစီအစဉ်(farmer to farmer technical transfer program) ပြုလုပ်ခြင်းကို ယ​မန်နေ့က နေရာခင်းကျေးရွာအုပ်စု တောင်သူဦးစိုးထူး၏ မိုးစပါးပေါ်ဆန်းရင် မျိုးသန့်ထုတ်စံပြစိုက်ခင်း(CERP)တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to