ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြည်ပြည်ဆိုင်ရာစေတနာလုပ်အားရှင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ခန်းသုံး ပစ္စည်းများလာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ခန်းသုံးပစ္စည်း Airprom များကို အလှူရှင် ဒီးဒုတ်ကုန်းကျေးရွာ ဇာတိဖွား မန္တလေးမြို့မှ ယမန်နေ့နက်ပိုင်းလာရောက် လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်သစ် ဖွဲ့စည်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်သစ် ဖွဲ့စည်းဆောင်ရွက်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် သဲကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် Mask Campaign ကို ယမန်နေ့က လူစည်ကားရာ မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

ချင်းပြည်နယ်၊ မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီခွဲက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကာ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံမှ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ် (၄)ဦးထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ် (၅၅) စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၈) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ဖြစ်သော မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာ နေထိုင်သူ အမျိုးသား(၂)ဦးနှင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ ကံဦးကျောင်းအနီးတွင် နေထိုင်သောအမျိုးသား(၁)ဦးထံတွင် လည်းကောင်း၊

ပုသိမ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရေးစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်၍ ရောင်းချကြရန်အတွက် ယနေ့နံနက်ပိုင်းက စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် စပါးခွံဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနသည် စပါးခွံဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာ တောင်သူ ဦးသိန်းမြိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ် စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာ မိတ်ဆက်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးမောင်ကို၏ ဦးပိုင်အမှတ် (၁၂) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to