ပင်လုံမြို့၌ စားသောက်ဆိုင်များနှင့် လ္ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိပါက ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင်ရေး လိုက်လံစစ်ဆေး

ပင်လုံ ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်းရှိ စားသောက်ဆိုင်နှင့် လ္ဖဘက်ရည် ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး ဌာနအနေဖြင့် မိမိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေးအတွက် မန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားခဲ့သည့် ဆိုင်များအားလုံးကို စည်းကမ်းချက် (၁၁)ချက်နှင့်အညီ လိုက်နာမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသောက်ဆိုင်များနှင့် လ္ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ကာလအတွင်း ဆိုင်သို့ ရောက်ရှိလာသည့် စားသုံးသူများအားလုံးကို ()အဝင်ဝတွင် အပူချိန်တိုင်းရန်နှင့် လက်ဆေးစေရန် စီစဉ်ထားခြင်း ရှိ/မရှိ ()စားသုံးသူများ ထိုင်မည့်နေရာသည် လေဝင်/လေထွက် ကောင်းသော နေရာဖြစ်ရန်နှင့် လေအေးပေးစက် တပ်ဆင်ထားသော အခန်းဖြစ်ပါက ပြတင်းပေါက်များ ဖွင့်ထားရန် ရှိ/မရှိ () တစ်ယောက် ချင်းစီ စားနိုင်ပြီး တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် အကန့်ကန့်ထားပေးပြီး စားသောက်နိုင်ရေး စီစဉ်ပေးထားခြင်း ရှိ/မရှိ၊ () အတူလာ ရောက်သည့် ငါးဦးထက်မပိုသော မိသားစုဖြစ်ပါက စားပွဲတွင် အတူထိုင်နိုင်အောင် စီစဉ်ပေးထားခြင်း ရှိ/မရှိ ()ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချသော အစားအစာများ ရောင်းချခြင်းကို ဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးရန် စီစဉ်ထားခြင်း ရှိ/မရှိ () ပန်းကန်/ဇွန်းများအား တစ်ခါသုံးပစ္စည်းများ (သို့မဟုတ်) ပိုးသတ်ထားသော ပန်းကန်/ ဇွန်းများသာ အသုံးပြု ရန် စီစဉ်ထားခြင်း ရှိ/မရှိ () အစားအသောက်စာရင်း (Menu)အား ချိတ်ဆွဲထားခြင်း (သို့မဟုတ်) စားပွဲမှန်အောက်၌ ထား၍ဖြစ်စေ၊ ထည့်သွင်းပေးထားခြင်း ရှိ/မရှိ () Covid-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး ပိုစတာများ၊ ဗွီနိုင်းများကို လူအများ မြင်သာသည့် နေရာ များတွင် ချိတ်ဆွဲထားခြင်း ရှိ/မရှိ () ငွေရှင်း ကောင်တာမှ ငွေလက်ခံသည့် စနစ်ဖြစ်ပါက  စားသုံးသူနှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ကောင်တာရှေ့တွင် မှန်ကာ ထားခြင်း ရှိ/မရှိ (၁၀) ဆိုင်အတွင်းအနည်းဆုံး အယ်ကိုဟောလ် (၆၀%) ပါသော လက်သန့်စင်ဆေးရည်များ (Hand Gel) အလွယ်တကူထားရှိပေးရန်နှင့် သန့်စင်ခန်းအတွင်း ရေနှင့် ဆပ်ပြာကို အလွယ်တကူထားရှိပေးခြင်း ရှိ/မရှိ     (၁၁) စားသုံးသူများ အတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ (Mask) မျက်နှာကာများ (Face Shield) ကို  ဆိုင်အတွင်းသို့ မဝင်မီတပ်ဆင်နိုင်ရန် မှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ထားခြင်း ရှိ/မရှိ စသည့်အချက် (၁၁)ချက်ဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။ အထက်ပါ စည်းကမ်းချက် (၁၁)ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိသည့် စားသောက်ဆိုင်နှင့် လ္ဖက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ၊(ပြန်/ဆက်၊ပင်လုံ)