ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ရွှေသောင်ယံ ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းအသီးသီးရှိ (KG)တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ယမန်နေ့နေ့လယ်ပိုင်းက အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပါင်းဆာင်ရွက်ကြခြင်းဖြစ်ပြီး ကလေးများအားအာဟာရ ကျွေးမွေးရာတွင်ပါရှိရမည့် ထမင်း၊ ဟင်း၊ အသီးအရွက်တို့ကို သတ်မှတ်ချက်စံနှုန်းဖြင့်အညီ ကျွေးမွေးဆောင်ရွက်ကြသည်။

အဆိုပါ (KG) ကလေးငယ်များအား အာဟာရကျွေးမွေးရာသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ဝိုင်းဝန်းစောင့်ရှောက်ကျွေးမွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)