အောင်မြေသာစံမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
မန္တလေး ဇန်နဝါရီ ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အောင်မြေသာစံမြို့နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်၈နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် မန္တလေးခရိုင် ပညာရေးမှူး ဦးခင်မောင်မြင့်တို့က အမှာစကား ပြောကြားကြသည်။