ကလေး ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဩဂုတ် (၁၅) ရက်န နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
ဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကလေးတက္ကသိုလ်မှ စာကြည့်တိုက်မှူး နည်းပြဆရာမအား နည်းပြချီးမြှင့်ငွေအား ပေးအပ်သည်။
အဆိုပါသင်တန်းတွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ ကလေးတက္ကသိုလ်မှ စာကြည့်တိုက်မှူးတို့က စာကြည့်တိုက်ပညာရပ်များကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းသား၊ သင်တန်းသူ ၂၃ ဦးအား စာတွေ့လက်တွေ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)