ပခုက္ကူ ဩဂုတ် ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝသန်မိုးသီချင်းဆိုပြိုင်ပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝဿန်မိုးသီချင်းဆိုပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်တေးသီချင်းများ၊ မြန်မာသံစဉ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး အဆိုပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ၂၅ ဦးတို့က ဆိုကရေးတီးတေးသီချင်းများ၊ ဝသန်မိုးတေးသီချင်းများနှင့် ဝသန်မိုးမြန်မာသံစဉ်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲကျင်းပရာ အကဲဖြတ်ဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အမှတ်ပေးရွေးချယ်ထားသော ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရကျောင်းသား ကျောင်းသူများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်းထက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ကော်မတီဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့်တာဝန်ရှိသူများက ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)