ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာပညာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း(Book Club)တို့ ပူးပေါင်း စီစဉ်ဖွင့်လှစ်သည့် Basic Computing & Scratch Programming For Kids နွေရာသီ အခြေခံကွန်ပျူတာ ပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဖြူးမြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများဖွင့်လှစ်

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၆)နည်းဖြင့် မတ်လ(၁၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြို့နယ်အားကစား ကွင်း အတွင်းသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်

စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားမှုရှိစေရန်ရည်ရွယ်၍ မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်  (Women Club)တို့ ပူးပေါင်းကျင်းပသော စာရေးဆရာ ဒေါက်တာမတင်ဝင်း ၏“မေမေပြောတဲ့ရှေးရှေးစကား”စာအုပ်စာဖတ်ဝိုင်း (Book Review)ကိုယနေ့နံနက် ၁ဝနာရီကမော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ကျောက်မဲမြို့တွင် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ကျောက်မဲမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ပါသည်။

မူဆယ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ/ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာ မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက်  တွေ့ဆုံ ဆွေးနွေး ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတို့၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့ နံနက်ပိုင်းက မြန်မာဘာသာကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို  ယနေ့ နံနက်ပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ်၌ ဆေးဝါးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါင်းတည်မြို့နယ်အတွင်း ဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) မြို့နယ်စားသုံးရေးရာဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်အိတ်အလုံး ၃၀၀ လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတေဇနိယ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ ဆရာမများ ၊ ကျောင်း သား/ကျောင်းသူများနှင့် ဝေယျာဝစ္စ ကူညီဆောင်ရွက်ပေးကြသူများ အတွက် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ထိုင်ဝမ်နိုင်ငံသား မစ္စတာကော (ပြည့်ပြည့်ဝဝကုမ္ပဏီ)မိသားစုက ဆန်အိတ် အလုံး ၃၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ ပေတောကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်အေး ထံမှ သိရသည်။

ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၂၁၀၀ လွဲပြောင်းပေးအပ်

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်း ၁၇ ခု၊ တံတားလုပ်ငန်းတစ်ခု၊ ရေရရှိရေးလုပ်ငန်းတစ်ခု၊ မီးလင်းရေး လုပ်ငန်းတစ်ခု၊ ပညာရေး(စာသင်ကျောင်းဆောင်) လုပ်ငန်းတစ်ခုတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။  
Subscribe to