မြစ်သားမြို့ ပန်းသီတာဥယျာဉ်၌ (အခမဲ့) အခြေခံပန်းချီ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပန်းသီတာဥယျာဉ်သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အခမဲ့အခြေခံပန်းချီ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပန်းသီတာဥယျာဉ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စကားပြောစွမ်းရည်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်က ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာစကားပြောစွမ်းရည်  မြင့်မားတိုးတက်စေရန်ရည်ရွယ်၍   ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလကို မတ် ၁၁ ရက်နေ့မှ စ၍ (၂) လတိတိ သင်ကြားပေးသွားမည်ဖြစ်ပြီး  သင်တန်းနည်းပြအဖြစ်  ဆရာ ဒေါ်ချိုချိုသင်း (Buddhism) ကသင်ကြား ပို့ချသွားမည်ဖြစ်သည်။

မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင် ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၀၀) စတင် စိုက်ပျိုး

မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့  မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဘားအံခရိုင် (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍  စာရေးဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ် တင်၍ ပစ်သောအခါ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကိုယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

စလင်းမြို့နယ်အတွင်း ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ် နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့တွင် ဖြေဆိုသူ ( ၁၂၇၄၃၈ )ဦး ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၁၂ရက် ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ)ဖြေဆိုသည့်နေ့တွင်  ကျောင်းသား၊ ကျောင်းသူ ( ၁၂၇၄၃၈ )ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူ ( ၆၁၂၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်

ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို Department of International Trade Promotion (DITP)မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်း အခမဲ့ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခမဲ့ အခြေခံ အားကစားသင်တန်းကို အားကစားနည်း(၅)နည်းဖြင့် မတ်လ(၁၁) ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၊ အားကစားခန်းမ၌ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောမြို့၌ လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (NTP) တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၀ ပြည့်နှစ် လူထုအခြေပြု တီဘီရောဂါကာကွယ်ရေးစီမံချက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to