မော်လမြိုင် မတ် ၁၁
စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားမှုရှိစေရန်ရည်ရွယ်၍ မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် (Women Club)တို့ ပူးပေါင်းကျင်းပသော စာရေးဆရာ ဒေါက်တာမတင်ဝင်း ၏“မေမေပြောတဲ့ရှေးရှေးစကား”စာအုပ်စာဖတ်ဝိုင်း (Book Review)ကိုယနေ့နံနက် ၁ဝနာရီကမော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်း(Book Review) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာဒေါက်တာ မတင်ဝင်း၏ “မေမေပြောတဲ့ ရှေးရှေးစကား” စာအုပ်ကိုမော်လမြိုင်မြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူးဒေါ်တင်ရီ၊ ဒေါ်အိအိကြွယ်နှင့် ဒေါ်သွင်သွင်တို့က ဦးဆောင် ဆွေးနွေးကာ စာပေဝါသနာ ပါသူများ ကလည်း မေတ္တာဖြင့် ကျွေးသောအစားအစာ၊ သမုဒယ ကြောင့်ခံစားရသောအပူ၊ ရန်သူနှင့်မိတ်ဆွေခွဲခြားနည်းအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)