ပေါင်းတည်မြို့နယ်၌ ဆေးဝါးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါင်းတည်  မတ် ၁၁

ပေါင်းတည်မြို့နယ်အတွင်း ဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) မြို့နယ်စားသုံးရေးရာဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များအတွင်း သိုလှောင်ထားရှိသော ဆေးဝါးများနှင့် ပတ်သက်၍ ထိန်းချုပ်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ  သက်တမ်းလွန် ဆေးဝါးနှင့် ဆက်စပ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ ၊ ဆေးဆိုင် အတွင်းသန့်ရှင်းသပ်ရပ်မှု၊ ဥပဒေနှင့် မလွတ်ကင်းသည့် ဆေးဝါးများ ရောင်းချခြင်းရှိ / မရှိ၊ လုပ်ငန်းလိုင်စင် ရောင်းချခွင့်လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)