ကျောက်ကြီးမြို့နယ်၌ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။