ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသ
ယနေ့ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကြိုတင် သတိပြု ကာကွယ်နိုင်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင် ကာကွယ် ရေး အသိပညာပေး မြေစိုက် နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခွဲက ပြသ ဆောင်ရွက်ခဲ့သည်။