ပွင့်ဖြူမြို့နယ်၌ အခြေခံသမဝါယမ အသင်းသားများကို (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီး ချေးငွေများ ထုတ်ချေးပေး
ပွင့်ဖြူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ အခြေခံသမဝါယမ အသင်းသားများကို (၁၃) ကြိမ်မြောက် Exim Bank အသေးစား အရင်းအနှီးချေးငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။