မြိုင်မြို့၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
မြိုင် ဇန်နဝါရီ ၄
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းကြီး၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းတွင် ကျင်းပခဲ့သည်။
ယနေ့ နံနက် ၄ နာရီ မိနစ်၂၀ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် (၇၂) မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းတို့ကို မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။