ဖားကန့်မြို့နှင့်ကာမိုင်းမြို့သွား မြေသားကားလမ်း၌ (၁၀)ဘီးကားတစ်စီးလမ်းချော်ပြီး ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွား

ဖားကန့်         ဇန်နဝါရီ        ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့်ကာမိုင်းမြို့သွား ကားလမ်းပေါ်ရှိ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ နမ့်တိန်းကျေးရွာနှင့် ပျားအုံကျေးရွာကြား တံတားညီနောင်အတက် မြေသားလမ်း၌ ယနေ့နံနက် (၉)နာရီခန့်က (၁၀)ဘီးကားတစ်စီးလမ်းချော်ပြီး ရေမြောင်းထဲကျသွားသဖြင့် ဖားကန့်မြို့နှင့် အတက်အဆင်းပြေးဆွဲနေသောကားများ လမ်းပိတ်ဆို့မှု ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ (၇၂)လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်နှင့် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ပန်းချီ၊  အရုပ်ဆက်နှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ပထမဦးစွာ စာဖတ်စွမ်းရည်၊ ပန်းချီ၊ အရုပ်ဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ  ကျိုင်းတုံမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ကြသည်။   

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မူလတန်း အဆင့်ပုံတူဆွဲပြိုင်ပွဲ ကျင်းပ

နမ္မတူ  ဇန်နဝါရီ ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။

အောင်လံမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့်သားကောင်းမိခင်ပြိုင်ပွဲကျင်းပ

 

အောင်လံ  ဇန်နဝါရီ  ၃

သရက်ခရိုင် အောင်လံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် စီစဉ်ဆောင်ရွက်သော    ကလေးပြိုင်ပွဲနှင့် သားကောင်မိခင်ပြိုင်ပွဲကို  ယနေ့ နံနက်(၉)နာရီအချိန်မှစတင်၍  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့သည်။

ဆားလင်းကြီးမြို့နယ်တွင် စာပေဟောပြောပွဲကျင်းပ

ဆားလင်းကြီး    ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်​ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာန စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကုန်းကြီးကျေးရွာ ဂရုဏာလဝန်း လူမှုကူညီရေးအသင်းတို့ ပူး​ပေါင်းပါဝင်သော ကျန်းမာရေးနှင့် အသက်ကယ်​အောက်ဆီ​ဂျင် ကုသိုလ်ပြုအောင်ပွဲ (၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်​​နေ့ည (၇) နာရီက ဇီးပဏီ(တ) ကျေးရွာအုပ်စု ကုန်းကြီး​ကျေးရွာ ရွာဦးရတနာမှန်စီ ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့​​ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အချိန်ခါမဟုတ်မိုးရွာခြင်းကြောင့် ပြောင်းနှံများမပျက်စီးစေရန် ဆောင်ရွက်

ကျောက်ပန်းတောင်း  ဇန်နဝါရီ     ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိပြောင်းစိုက်တောင်သူများ ဒီဇင်ဘာ ၂၇ ရက်နှင့်ဒီဇင်ဘာ ၂၈ ရက်၊ ဇန်နဝါရီ ၁/၂ ရက်တို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ရိတ်ပြီးသားပြောင်းခင်းများမှ ပြောင်းနှံများ မိုးမိပြီးမပျက်စီးစေရန် လူအင်အားသုံး သိမ်းဆည်း နေရကြောင်း ပြောင်းစိုက်တောင်သူများထံကသိရသည်။

နမ့်ဆန်၌ မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ (၂)နှစ်ပြည့် ပုံမှန်အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

နမ့်ဆန် ဇန်နဝါရီ  ၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြန်မာနိုင်ငံ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ (၂) နှစ်ပြည့် တတိယနေ့ ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးခန်းမ၌ ကျင်းပသည်။

မိုင်းကိုင်မြို့နယ်၌ (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

 

မိုင်းကိုင်     ဇန်နဝါရီ      ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌   (၇၂) နှစ်မြောက် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  အလယ်တန်းအဆင့်  ကျပန်းစကားပြောပြိုင်ပွဲကို  ယနေ့  နံနက်က ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းအသီးသီးမှ  ကျောင်းကိုယ်စားပြု  ကျောင်းသား ကျောင်းသူ (၁၂)ဦး က မြို့နယ်အဆင့်အဖြစ်  ကျွန်ုပ်သာ ဆရာဝန် တစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာကျောင်း ဆရာတစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့သော်  ဟူသောခေါင်းစဉ်များဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာ့ရိုးရာ နွားပြိုင်ပွဲကြီး ဝမ်းတွင်းမြို့နယ် သဲတောမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် နွားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ စတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

Subscribe to