အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် လောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထား

ကနီ       ဇန်နဝါရီ       ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့်  ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့နှင့် ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားကြောင်း အလောင်းတော် ကဿပဘုရား ဂေါပက ဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။   

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

စလင်း ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာရှိ အ.ထ.က(လင်းဇင်း) ဘောလုံးကွင်းအတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပခဲ့သည်။

မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကိုဖိုးကျော်အသင်းနှင့် အ.ထ.က ကျွန်းစုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကိုဖိုးကျော်အသင်းမှ (၁)ဂိုး- ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဖလား ဆွတ်ခူးရရှိသည်။

ဝေါမြို့ ကလေးစာပေပွဲတော် ကဏ္ဍအသီးသီးတွင် ပါဝင်ဆင်နွှဲကြသူတို့၏ ရင်တွင်းစကားသံများ

ဝေါ ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဝေါမြို့နယ် ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသော ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဝေါမြို့နယ်ခန်းမနှင့် အထက်တန်းကျောင်းတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကလေးစာပေပွဲတော် ကဏ္ဍအသီးသီးတွင်  ပူးပေါင်းပါဝင်ဆင်နွှဲကြသူတို့၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

▲ ဦးကြီးစိုး(ကလေးသူငယ်အသိပညာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး)▲

ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌ အလှူရှင်၏ လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့

ဖားကန့်         ဇန်နဝါရီ        ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံဝင်းအတွင်း  အလှူရှင်၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ်အား ယမန်နေ့က တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။

အထွေထွေခွဲစိတ်ဆောင်သစ်ကို ပိုင်ဖြိုးသီဟကျောက်မျက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ညွန့်မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး သုံးထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရွှင်ချမ်းလုံကုမ္ပဏီလီမိတက် Mother's Love  လက်ဖက်ခြံ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ အင်္ဂလိပ်စာ ဆရာကြီးဦးမြကြိုင် M.A(English)(Thesis)  New Delhi က ''စာဖတ်ခြင်းအကျိုး'' ခေါင်းစဉ်ဖြင့် စာပေဟောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

(၁၃)ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်

မြင်းခြံ    ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျောင်းဝန်းအတွင်း ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အာစရိယပူဇော်ပွဲကျင်းပသည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသည် ယခင် အမှတ်(၁) အလယ်တန်းကျောင်းမှ အဆင့်တိုးပြီး အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် မိမိတို့ကိုပညာသင်ကြားပေးခဲ့ကြသော ဆရာ/ဆရာများကို တစ်နှစ်တစ်ခါ ပူဇော်ကန်တော့လာသည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ပျော်ရွှင်စွာဆင်နွှဲ

မိုင်းယောင်း   ဇန်နဝါရီ    ၅

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့က မြန်မာပြည် အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ကျင်းပရာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထိလာ    ဇန်နဝါရီ     ၅

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Subscribe to