မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆောင်းရာသီ ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
ကံမ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မင်းတုန်းချောင်း၊ မဒေးချောင်းဘေး ဝဲယာတစ်လျှောက်ရှိ မြေနုကျွန်းများ၊ ကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့် ဆောင်းရာသီပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
အဆိုပါ ပဲစိုက်ခင်းများတွင် ပဲတီစိမ်းစိုက်ဧက ၁၃၀၅၅ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲစိုက်ဧက ၁၄၈၀၄ ဧကနှင့် ကုလားပဲ၊ မတ်ပဲ အစရှိသည့်ပဲစိုက်ခင်းများအား စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။